မင်းသားကြီး လီယမ်နယ်လ်ဆင်သရုပ်ဆောင်ထားတဲ့ Honest Thief ရုပ်ရှင်ဟာ မြောက်အမေရိကမှာ အောင်မြင်မှုတွေ ရနေတယ်လို့ BoxOfficeMojo.com က ကြေညာလိုက်ပါတယ်။

BoxOfficeMojo.com ရဲ့ ထုတ်ပြန်ချက်အရ Honest Thief ဟာ မြောက်အမေရိကမှာ ဝင်ငွေဒေါ်လာ ၃.၇ သန်းဝင်ပြီး နံပါတ်တစ် ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ ပြသပြီး သီတင်းပတ်အကုန်မှာ မြောက်အမေရိကအတွက် Open Roads Films ရုပ်ရှင်က ဒေါ်လာ ၃.၇ သန်းနဲ့ ဝယ်ခဲ့တာ ဖြစ်ပါတယ်။

Photo: UPI
လီယမ်နယ်လ်ဆင်ဟာ ဒီရုပ်ရှင်မှာ အေးဂျင့်နှစ်ယောက်က ကလိမ်ကျမှုနဲ့ ကြုံနေရတဲ့ ဘဏ်ဓါးပြအဖြစ် သရုပ်ဆောင်ထားပြီး ပြီးခဲ့တဲ့တစ်ပတ်က ကနေဒါမှာ ပြသခဲ့ပါတယ်။ Honest Thief ဟာ မိုင်ယာမီ ၊ ချီကာဂို ၊ ဆန်ဒီယာဂိုနဲ့ အတ္တလန်တာအပါအဝင် ဈေးကွက်တွေမှာလည်း ဝင်ငွေကောင်းနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း နယူးယော့ခ်နဲ့ ကယ်လီဖိုးနီးယားတို့လို အဓိကဈေးကွက်တွေမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေ ပိတ်ထားတာ‌ကြောင့်လည်း ရုံတင်ကြေးပမာဏ ဆက်လက်ကျဆင်းနေပါတယ်။ Honest Thief ရုပ်ရှင်ဝင်ငွေဟာ ရောဘတ်ဒီနီရိုး သရုပ်ဆောင်ထားတဲ့ The War with Grandpa ကို ကျော်တက်ခဲ့တယ်လို့ ဆိုပါတယ်။

Source : Media Finance Capital

The War with Grandpa ဇာတ်မြူးရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ ၂.၅ သန်း နဲ့ ဒုတိယနေရာ ၊ Tenet ရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ ၁.၆ သန်းနဲ့ တတိယနေရာ ၊ The Nightmare Before Christmas ဟာ ဒေါ်လာ ၁.၃ သန်းနဲ့ စတုတ္ထနေရာ ၊ Hocus Pocus ဟာ ဒေါ်လာ ၇၅၆၀၀၀ နဲ့ ပဉ္စမမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားတွေအဖြစ် ရပ်တည်နေပါတယ်။